မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းနှင့် ဟောင်ကောင်လက်ရွေးစင် အမျိုးသားဘောလုံး အသင်းတို့သည် လာမည့် စက်တင်ဘာ ၆ ရက် ... မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းနှင့် ဟောင်ကောင်လက်ရွေးစင် အမျိုးသားဘောလုံး အသင်းတို့သည် လာမည့် စက်တင်ဘာ ၆ ရက် ညနေ ၅း၀၀ နာရီတွင် သုဝဏ္ဏကွင်း၌ ခြေစမ်းကစား မည်ဖြစ်ပြီး အဆိုပါပွဲအား Channel 7 မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းမည့် ဟောင်ကောင်အသင်းသည် ၂၀၁၅ အာရှ ဖလားခြေစစ်ပွဲ အုပ်စု (E) တွင် ယူအေအီး၊ ဥဇဘက်ကစ္စတန်၊ ဗီယက်နမ်အသင်းတို့နှင့် တစ်အုပ်စု တည်း ကျနေပြီး လက်ရှိအချိန်တွင် အုပ်စုပွဲစဉ် နှစ်ပွဲ ကစားပြီးရာတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေရမှတ် လေးမှတ်ဖြင့် အာရှခြေစစ်ပွဲအောင်မြင်ရန် အလားအလာ ကောင်းနေသည်။ သို့သော် ဟောင်ကောင်အသင်းသည် ပြီးခဲ့သည့် ဇွန် ၄ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ခြေစမ်းကစားရာတွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို ဇွန် ၆ ရက်က ဟောင်ကောင်ကလပ် ကစ်ချီအသင်းနှင့် ခြေစမ်း ကစားရာတွင်လည်း ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ဟောင်ကောင် အသင်းသည် မြန်မာ အသင်းနှင့် ခြေစမ်းကစားအပြီး စက်တင်ဘာ ၁၀ ရက်တွင် စင်ကာပူအသင်းနှင့် ထပ်မံခြေစမ်းမည် ဖြစ်သည်။ စက်တင်ဘာ ၆ ရက်တွင် ကစားမည့် မြန်မာအသင်းနှင့်ဟောင်ကောင်အသင်းတို့ခြေစမ်းပွဲကို ကွင်းဝင်ကြေး အဖြစ် ရိုးရိုးတန်းကျပ် ၅၀၀နှင့် အထူးတန်း ကျပ် ၁၀၀၀ အဖြစ် သတ်မှတ်ထားသည်။ Post by Mizzima - News in Burmese. Visit website http://pktkmk.blogspot.com/?m=1
No comments:
Post a Comment