Friday, September 6, 2013

လူငယ်ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၀ ပွဲစဉ်များ စက်တင်ဘာ ၆ ရက် ဆက်လက်ကျင်းပမည် သတင်း / 2 hours ago

  ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိသည့် ၂၀၁၃ မြန်မာနေရှင်နယ်လိဂ် လူငယ်ဘောလုံးပြိုင်ပွဲ (MNL Youth Competition 2013) ... ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိသည့် ၂၀၁၃ မြန်မာနေရှင်နယ်လိဂ် လူငယ်ဘောလုံးပြိုင်ပွဲ (MNL Youth Competition 2013) ပွဲစဉ် ၁၀ ပွဲစဉ်များကို စက်တင်ဘာ ၆ ရက်တွင် ကြည့်မြင်တိုင်မြို့နယ်ရှိ စလင်းကွင်းနှင့် စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာအားကစားကွင်းများ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ ပွဲစဉ် ၉ အပြီးတွင် လူငယ်ဘောလုံးပြိုင်ပွဲ အမှတ်ပေးဇယားအား ရတနာပုံလူငယ်အသင်းမှ ရမှတ် ၂၁ မှတ်ဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာတွင် ရန်ကုန်လူငယ်အသင်းမှ ရမှတ် ၁၉ မှတ်ဖြင့် ရပ်တည်နေသည်။ တတိယနေရာတွင် ဟံသာဝတီအသင်းက ရမှတ် ၁၆ မှတ်ဖြင့် ရပ်တည်နေသည်။ အမှတ်ပေးဇယား အဆင့် ၁၁ နှင့် ၁၂ နေရာများတွင် ဇေယျာရွှေမြေအသင်းနှင့် နေပြည်တော်အသင်းတို့က ရမှတ် ၆ မှတ်စီဖြင့် ရပ်တည်နေကြသည်။ ပွဲစဉ် ၁၀ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ ပဒုမ္မာကွင်းနှင့် စလင်းကွင်းများတွင် ကျင်းပမည်ဖြစ် ပြီး ပွဲစဉ်များအားလုံးကို ညနေ ၃း၃၀ နာရီတွင် စတင်ကစားမည် ဖြစ်သည်။ Post by Mizzima - News in Burmese. Visit website 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment